ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးနဲမြို့၊ နားခံကျေးရွာအနီး မိုးနဲ-နမ့်စန်သွား ကားလမ်းပေါ်တွင် ယာဉ်တစ်စီးပေါ်မှ ငွေကျပ် ၂၇၁၂ သိန်း တန်ဖိုးရှိ ဘိန်းမဲများအား ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဗဟိုကော်မတီမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား AA သောင်းကျန်းသူ အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး...
နေပြည်တော်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား သို့ နိုင်ငံတော် သမ္မတက ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၉၅,၀၀၀ပြား၊(၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ၃၉၀,၀၀၀,၀၀၀ ကျပ်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦး ယာဘက်ရင်အုံအပေါ်ပိုင်း လက်နက်ငယ် ကျည်ဆံဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တည်ဆဲကုမ္ပဏီများ နှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော် ချက် အား ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ယာဉ်တန်းအား ရန်ကုန်-စစ်တွေ ကားလမ်း၌ ဒေသန္တရလုပ် အဝေးထိန်းမိုင်း သုံးလုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) မြန်မာ့ နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား...
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ ၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁,၁၁၇,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅,၈၅၀ ပြားနှင့် ဘိန်းဖြူ ၄၈၄ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည့် အခန်းကဏ္ဍကြီးများ၏ ပြောင်းလဲတိုးတက်မှုများ အရှိန်အဟုန်မြင့်မားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မြန်မာနိုင်ငံပြည်သူများ လိုလားတောင့်တခဲ့သော ငြိမ်းချမ်းရေးအခန်းကဏ္ဍသည် လာမည့်နှစ်များအတွက် လားရာကောင်းများကို သယ်ဆောင်လာခဲ့သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများက ယခုတစ်နှစ်တာအတွင်း...