Connect with us

Politics, Law & Military

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း နိုဝင်ဘာလတွင် ရက်ပေါင်း ၁၄ ရက်ခန့် ကောက်ယူမည်

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ယခုနှစ် နိုဝင်ဘာလတွင် ရက်ပေါင်း ၁၄ ရက်ခန့် ကောက်ယူမည် ဖြစ်ပြီး ခရိုင် အဆင့် ကိုယ်စား ပြုသော အညွှန်းကိန်းများ ရရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် နမူနာ ကောက်ကွက် ပေါင်း ၄,၃၀၀ ခန့်ကို ရွေးချယ် ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

ကောက်ယူရရှိလာသည့် အချက်အလက်များကို ၂၀၂၀ ခုနှစ် ၊ ဇွန်လ တွင် အတည်ပြု ထုတ်ပြန်နိုင်ရန် လျာထား ကြောင်း ၊ ယင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း ၊ စာရင်း ကောက်ယူခြင်း၊ စာရင်း ပြုစုခြင်းနှင့် ဆန်းစစ်ခြင်း၊ အစီရင်ခံစာပြုစု ထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပြီး ယခုအခါ ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများကို စတင် နေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေး ဗဟိုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်၌ မတ် ၁၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကောက်ယူမည့် ကြားဖြတ်သန်းခေါင်စာရင်းကို ယခင်သန်းခေါင်စာရင်းကဲ့သို့ စာရွက်များကို အသုံးပြုသည့် မေးခွန်း ပုံစံများဖြင့် ကောက်ယူခြင်း မဟုတ်ဘဲ ခေတ်မီနည်းပညာ ဖြစ်သည့် (CAPI) စနစ်ကို Mobile Tablet နှင့် ကောက်ယူ မည်ဖြစ်သဖြင့် SIM card များနှင့် မြန်နှုန်းမြင့် Internet တို့ လိုအပ်ကြောင်း၊ CAPI နည်းပညာကို ပထမဆုံး အကြိမ် အသုံးပြုမည်ဖြစ်သဖြင့် UN အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နှင့် အလှူရှင်နိုင်ငံများ၏ ပံ့ပိုးကူညီမှု များလည်းလိုအပ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလရှိ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်း နိုင်ရန်၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်သော စီမံကိန်း (MSDP) အတွက် လိုအပ်သော အညွှန်းကိန်းများရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များ ဖြင့် နိုဝင်ဘာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.