Connect with us

Politics, Law & Military

RCSS နှင့် အစိုးရအဖွဲ့တွေ့ဆုံ ဆွေးနွေး ၊ NCA လမ်းကြောင်းအတိုင်း ဆက်သွားမည်ဟု RCSS ပြော

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အဖွင့် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၁၁ ရက်(ဆင်ဟွာ)

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားကြောင်း RCSS ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက ယနေ့ ပြောကြား သည်။

“ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့ နည်းလမ်း ရှာချင်ပါတယ်၊ နည်းလမ်းအတိုင်း ဆက်လျှောက်ဖို့လည်း ဆုံးဖြတ်ချက် ချပြီးသားပါ” ဟု နေပြည် တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် ယနေ့ ပြုလုပ်သော RCSS နှင့် အစိုးရအဖွဲ့တွေ့ဆုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေး အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

RCSS နှင့် အစိုးရအဖွဲ့တွေ့ဆုံ ဆွေးနွေးကြစဉ် (ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဒုတိယ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက “ငြိမ်းချမ်းရေးရှေ့ဆက် နိုင်ဖို့အတွက် အစိုးရ ကိုယ်စားလှယ်နဲ့ RCSS ကိုယ်စားလှယ် အဖွဲ့တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ လည်း အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်သလို နှစ်ဘက် သဘောထားတွေကို အပြန်အလှန် သိမြင် ဆွေးနွေးခွင့် ရရှိပြီးတော့ အကျိးဆက်အနေနဲ့ ယနေ့ ပြုလုပ်တဲ့ NRPC – RCSS ဆွေးနွေးပွဲကို ကျင်းပနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိလိမ့်မယ် လို့ကျွန်တော် အများကြီး မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။ NRPC အနေဖြင့် ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး မကျင်းပနိုင်သည့်ကာလအတွင်း ဖြစ်နေသည့် ပြသနာများကို ထိန်းချုပ်နိုင်ရန် အတွက် နှစ်ဘက် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု များ ပြုလုပ်ပြီး မကျေလည်မှုများကို အကျေအလည် ညှိနှိုင်း ဆွေးနွေးပြီးသည့်နောက် တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ NCA လမ်းကြောင်းအတိုင်း အစိုးရနှင့် NCA’s EAO များ နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာမှာ အလွတ်သဘော တွေ့ဆုံမှုများ ကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြကြောင်းလည်း NRPC ဥက္ကဌက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.