ရန်ကုန်၊ နိုဝင်ဘာ ၂၂ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားပတ်ဝန်းကျင်ဒေသများနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့ စသည့် မြို့နယ်သုံးခုမှ စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ပစ္စည်းများနှင့်...
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ယခင်အပတ်က တင်သွင်း ဆွေးနွေးခဲ့သော ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးကို ကန့်ကွက်သူ မရှိသဖြင့် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပြည်သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ဗဟန်းမြို့နယ်ရှိ (ရွှေဂုံတိုင်)ယုဇနတာဝါ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်တစ်လုံးအတွင်းသို့ နိုဝင်ဘာ ၁၇ ရက် ည ၆နာရီကျော်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရှိ ဖယ်ခုံ၊ မိုင်းပန်၊ မိုးနဲ၊ လွိုင်လင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့ ၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကာလ ပြီးဆုံးပြီးနောက် ယာယီထိန်းသိမ်းရေးစခန်းများ (Open Distress Camp) တွင် ထိန်းသိမ်းခံထားသူ မြန်မာ ရေလုပ်သား ၇ ဦးသည် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့နိုဝင်ဘာ ၁၅...
နေပြည်တော်၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) UNHCR အနေဖြင့် တစ်ဘက်နိုင်ငံရောက် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး အစီအစဉ် ကို ပံ့ပိုးကူညီရာတွင် အမှန်တကယ်ပြန်လိုသူများအား ဟန့်တားသည့် ပုံစံမျိုး မဖြစ်စေဖို့ မိမိတို့ မျှော်လင့်ပါကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ယနေ့ညနေ သတင်းစာ...
ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၉၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ်သမား ၂၁၀၀၀ ကျော် တို့အတွက် အလုပ်နေရာများအား အောက်တိုဘာလ အတွင်း ခန့်ထား နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား...