Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ၀၀း၀၅နာရီ အချိန် တပ်မတော်မှ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း၊ ပြူးမချောင်း အနီး၌ ရေကူးနေသည့် မိုဟာမက်အာလီ၊ ဟာမစ်ဟူဆောင်း၊ မူဘင်းတို့ ၃ ဦးအား ဆာလာအိတ် ၃ အိတ်နှင့်အတူ တွေ့ရှိ၍စစ်ဆေးရှာဖွေရာ ဆာလာအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် မိုဟာမက်အာလီ(၃၃)နှစ်၊ ဟာမစ်ဟူဆောင်း(၃၆)နှစ်၊ မူဘင်း(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.