Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားဘီးခိုးမှု ၂၄ မှုအားဖော်ထုတ်ဖမ်းဆီး

သက်သေခံပစ္စည်းများ နှင့် အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--YGN Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးသူများအား အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဖမ်းဆီးစစ်ဆေးခဲ့ရာ ကားဘီးခိုးမှု(၂၄)မှုဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီးနယ်မြေအတွင်း ခိုးမှု၊ လုယက်မှုများ လျော့နည်းကျဆင်းရေး တွန်းအားပေး ဖမ်းဆီးအရေးယူဆောင်ရွက်သွားရန် ညွှန်ကြားချက် အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး အနီးကပ်ကြီး ကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး

ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခရိုင်နယ်မြေအတွင်း ဖြစ်ပွား ပေါ်ပေါ်က်မှုမရှိသေးသည့် ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးခံရကြောင်း သတင်းရရှိသဖြင့် လိုက်လံစုံစမ်းခဲ့ရာ

၁၈.၂.၂၀၁၉ ရက်နေ့ ၁၄၀၀ အချိန်တွင် ကားဘီးများ ဖြုတ်ခိုးမှုဖြင့်ပြစ်ချက်ဟောင်းရှိသူ မှော်ဘီမြို့နယ်၊ ဘွက်ကြီး ရပ်ကွက်၊ ဘွက်ကြီးလမ်းနေသူများဖြစ်သည့် ဖြိုးဝေလွင်(ခ) ဝဲလေး (၂၇)နှစ်နှင့်

သြင်္ကန်မောင် (၂၀)နှစ်တို့အား နေအိမ်များတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဖြိုးဝေလွင်(ခ)ဝဲလေးနှင့် သြင်္ကန်မောင် တို့အား စစ်ဆေးခဲ့ရာ ၎င်းတို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် BGO 3P/—– Hyundai Porter II အပြာရောင်ယာဉ်နှင့် အသင့်ယူ

ဆောင်လာသော ဘီးဖြုတ်ဂေါက်တံဖြင့်မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိဖို့မြေရပ်ကွက်၊(၁၀၁)လမ်းဘေးတွင် ရပ်ထားသော လိုက်ထရပ် အဖြူ ရောင်ယာဉ်(၂)စီးမှကားဘီး(၂)လုံး၊ သပြေကုန်ရပ်ကွက်၊ (၁၂၃)လမ်းဘေးတွင် ရပ်ထားသော ဘွန်ဂိုအဖြူ ရောင်ယာဉ်မှ ကားဘီး(၂)လုံး၊ရေတွင်းကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်အဖြူရောင် ယာဉ်မှ ကားဘီး(၃)လုံး၊ ကန်ရှေ့ရပ်ကွက်၊

(၉၁)လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်မှ ကားဘီး(၂) လုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ (၁၄)ရပ်ကွက်၊ ကျောက်ကုန်လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင် ယာဉ်မှ ကားဘီး(၂)လုံး၊

၁၁)ရပ်ကွက်၊ကန်ဘဲ့ဘူတာရုံလမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး(၂)လုံး၊ ဒဂုံတောင်မြို့နယ်အတွင်းရှိ စက်မှုဇုန်(၁)လမ်းဘေးတွင် လိုက်ထရပ်ယာဉ်နှင့်ဟိုက်ဂျက်ယာဉ်တို့မှ

ကားဘီး(၃)လုံး၊ (၂၆)ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် လိုက်ထရပ်ယာဉ်မှ ကားဘီး(၂)လုံး၊ (၅၃) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော လိုက်ထရပ်အဖြူရောင်ယာဉ်မှ

ကားဘီး(၂)လုံး၊ (၁၈) ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး (၃)လုံး၊ (၂၀)ရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင်ရပ်ထားသော

လိုက်ထရပ်အဖြူရောင်ယာဉ်မှ ကားဘီး (၂)လုံး၊ တာမွေမြို့နယ်အတွင်းရှိ မအူကုန်းရပ်ကွက်၊ (၁၃၇)လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်ယာဉ်များမှ (၃)လုံး၊အရိုးကုန်းရပ်ကွက်၊ (၁၄၇)လမ်းဘေးတွင်ရပ်ထားသော ဘွန်ဂိုယာဉ်နှင့် ဟိုက်ဂျက်ယာဉ်တို့မှ ကားဘီး(၂)လုံး၊ ၂၀၁၉ ခုနှစ်၊

ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်၊ (၁၂၅)လမ်းဘေး တွင်ရပ်ထားသော TOWB ACE ယာဉ်များမှ ကားဘီး(၃)လုံး၊ ရန်ကင်းမြို့နယ်အတွင်းရှိ မိုးကောင်း

ဘုရားအနီးရှိလမ်းဘေးတွင်ရပ်ထားသောဘွန်ဂိုယာဉ်မှကားဘီး(၂)လုံး၊(၃)ရပ်ကွက်၊ရန်ရှင်းလမ်းဘေးတွင်ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့် ဘွန်ဂိုယာဉ်များမှ ကားဘီး(၂)လုံး၊ မိုးကောင်းလမ်း၊ ကျောက်ကုန်းမီးပွိုင့်

အနီးတွင် ရပ်ထားသော ဟိုက်ဂျက်ယာဉ်နှင့်လိုက်ထရပ်ယာဉ်များမှ ကားဘီး(၂)လုံး၊ ဒဂုံတောင်မြို့နယ်၊ (၂၀)ရပ်ကွက်အတွင်းရှိ လမ်းဘေး တစ်နေရာတွင် ရပ်ထားသော ကန်တာအပြာရောင်ယာဉ်နှင့် ဟိုက်ဂျက်

ယာဉ်တို့ှ မှ ကားဘီး(၂)လုံး၊ (၁၈)ရပ်ကွက် အတွင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသော လိုက်ထရပ်ယာဉ်များမှ ကားဘီး(၃)လုံး၊ တာမွေမြို့နယ်အတွင်းရှိ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာလမ်းဘေးတွင်ရပ်ထားသော TOWNAGE အဖြူရောင်ယာဉ်နှင့် ဟိုက်ဂျက်အဖြူရောင်ယာဉ်မှ ကားဘီး(၃)လုံး၊ ပျားရည်ကုန်းရပ်ကွက်၊ကျိုက္ကဆံလမ်းဘေးတွင်ရပ်ထားသော TOWNAGE ယာဉ်မှ ကား

ဘီး(၂)လုံး၊ မအူကုန်းရပ်ကွက်အတွင်းရှိ လမ်းဘေးတစ်နေရာတွင် ရပ်ထားသော လိုက်ထရပ်ယာဉ်နှင့် ဘွန်ဂိုယာဉ်တို့မှ ကားဘီး(၂)လုံး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းမပေါ်တွင် ရပ်ထားသော ဘွန်ဂိုအဖြူရောင်ယာဉ်မှကားဘီး(၂)လုံးတို့အား အသီးသီးခိုးယူခဲ့ကြောင်း သိရသည်။

ခိုးယူခဲ့သော ကားဘီးများအား ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများဖြင့် လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊မဟော်သဓာလမ်းနေ ရဲထွန်း(ခ)ဘိုကာရီ (၃၅)အား လှမ်းခေါ်ပြီး

ရဲထွန်း(ခ)ဘိုကာရီမှ KYN GG/—— ခဲယာဉ်အငှားယာဉ်နှင့်အတူလာရောက်ကာ ဖြုတ်ယူခဲ့သော ကားဘီးများအားယူဆောင်၍ ရောင်းချပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရဲထွန်း(ခ)ဘိုကာရီ အား ၎င်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူများ ဥပဒေနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ၏သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.