Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်ကစစ်ဆေးပြီးပြင်ဆင်ပေးမည်

ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဒုတိယအကြိမ် ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊ အဋ္ဌမပုံမှန် အစည်းအဝေး တွင် လမ်းမတော်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများအတွက် ကနဦးသတ်မှတ်ငွေ (Down Payment) ငွေပေးသွင်းထားသူ များကို မည်သည့်အချိန်တွင် နေထိုင်ခွင့်ပေးပါ မည်နည်းနှင့် နေထိုင်ခွင့်ချထားပေးသည့် တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာ တိုက်ခန်းများအတွင်း ပျက်စီးမှုများ ဖြစ်ပေါ်နေပါက ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းရာ ဝန်ကြီးဒေါ်နီလာကျော် က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာ တိုက်ခန်းများအား ပြည်သူများ ပိုမိုအဆင်ပြေ ချောမွေ့စေဖို့ ကနဦးပေးသွင်းငွေ(၂၀)ရာခိုင်နှုန်းဖြင့် ရောင်းချနိုင်ရေး စီစဉ်လျှက်ရှိရာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ရဲ့ တည်ဆဲအမိန့််၊ ညွှန်ကြားချက်များနဲ့ ကိုက်ညီစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ အပြီးသတ်ညှိနှိုင်းလျှက် ရှိပြီး ပြီးပြတ်ပါက ခန့်မှန်းတစ်လမှ နှစ်လအတွင်း ပြည်သူများလက်ဝယ်သို့ ရောင်းချပေးခြင်းဖြင့် အမြန်နေထိုင် ခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် နေထိုင်ခွင့်ပေးမယ့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ပါတယ်။” ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117