ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ငြိမ်းချမ်းရေး ကော်မရှင်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် MNTJP/MNDAA ၊ PSLF/TNLA နှင့် ULA/AA တို့၏ ထုတ်ပြန် ကြေညာချက်အား လှိုက်လှဲစွာ ကြိုဆို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာလ ၁၂ ရက် (ဆင်ဟွာ) မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့(၃)ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်(ULA/AA)တို့က ယနေ့ သဘောထားထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ လွိုင်လင်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကလေးအလုပ်သမား ပပျောက်ရေးသည် မြန်မာနိုင်ငံအတွက် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ် သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယနေ့ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ရွှေဝါဆပ်ပြာများဖြင့် ရောနှောသယ်ဆောင်လာသော ကျပ် ၃၉,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ရက်တွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေးများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်တို့ ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ...
နေပြည်တော်။ ဒီဇင်ဘာ ၁၂ ရက် ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ငွေကျပ် ၅၈၅ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ နှစ်ခုအား ယနေ့တွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။