Connect with us

Politics, Law & Military

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁ ဦး သေဆုံး၍ ၊ ၃၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁ ဦး သေဆုံး၍ ၊ ၃၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၃း၃၀နာရီ အချိန် အောင်လံမြို့နယ်၊ လက်မြောင်-ပြကြီး ကျေးရွာချင်းဆက်လမ်းကုန်းတက်၌ အောင်လံမြို့နယ်၊ လက်ပံလှကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲမှ လက်မြောင်ကျေးရွာဘက်သို့ ဦးဝင်းရွှေ (၄၅)နှစ်မောင်းနှင်၍ ခရီးသည် ၄၀ ဦး လိုက်ပါလာသည့် YGN 1H/xxxx Dyna ယာဉ်သည် နောက်ပြန်လိမ့်ကျကာ လမ်း၏ မြောက်ဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ ခရီးသည် ၄၀ ဦးအနက် ဦးဝင်းလှိုင်(၅၀)နှစ်တွင် နဖူးပေါက်ပြဲဒဏ်ရာဖြင့် ပြလို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုစဉ် သေဆုံးသွားခဲ့ပြီး မနှင်းယုဝေ (၈)နှစ်ပါ ၄ ဦး(ကျား ၁၊ မ ၃)တို့တွင် ဝဲလက်ဖျံကျိုး၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် ဒေါ်သိန်းရှင်(၅၃)နှစ်ပါ ၃၅ ဦး(ကျား ၁၁၊ မ ၂၄)တို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ သဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံနှင့် ပြလို့တိုက်နယ်ဆေးရုံများသို့ ပို့ဆောင်ခဲ့ကာ ၂၀၃၀ အချိန်တွင် ဦးဝင်းရွှေ(ဖမ်းမမိ)အား ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း ယာဉ်(ပ) ၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.