Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ရွှေကူမြို့ တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၆ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၈ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၆ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းမဲများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁ဝးဝဝ နာရီ တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရွှေကူမြို့နယ်၊ ကချင်သေတောင်၊ မိုက်စမ်းဝါးခုတ်စခန်းတွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် ခေါလဲကျေးရွာနေ အေးမင်းထွန်း(ခ)သာချို ၃၅ နှစ်၏ဈေးဆိုင်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားဈေးဆိုင်တွင်တွေ့ ရှိပြီး ဆိုင်အနောက်ဖက်ရှိ ထင်းပုံများကြားမှ မုန့်ပုံးအတွင်းပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၉၆ သိန်း)၊ ကော်ဘူးဖြင့်ထည့်ထား သည့် ဘိန်းမဲအလေးချိန် ၅ဝ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၇၅,ဝဝဝ ကျပ်)နှင့် စားပွဲပေါ်မှ ငွေကျပ် ၅.ဝ၈ သိန်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၁၁းဝဝ နာရီ တွင် အဆိုပါ မိုက်စမ်းဝါးခုတ်စခန်းတွင် နေထိုင်သည့် သောင်းကျော်(ခ)ရှမ်းကြီး ၆၂ နှစ် ၏နေအိမ်တဲအား ဝင်ရောက်ရှာဖွေရာ ၎င်းအားတဲအတွင်းတွေ့ရှိပြီး သေတ္တာနှစ်လုံးကြားတွင် အနက်ရောင်ကြွတ် ကြွတ်အိတ်အတွင်း ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၃ဝ ပြား (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄.၆ သိန်း)နှင့် အိပ်ခန်းအတွင်းရှိ အိပ်ယာဘေးလက်ဆွဲအိတ်အတွင်းမှ ငွေကျပ် ၁.၃၁ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရွှေကူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများအသီးသီးရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.