Connect with us

Politics, Law & Military

ရှမ်းပြည်နယ် နောင်ချို မြို့တွင် ငွေကျပ် ၃၅၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ငွေကျပ် ၃၅၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁ရး၀၀ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး သွားကားလမ်းပေါ်တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျောက်မဲမြို့ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် —- ခရီးသည်တင်ယာဉ်အသင်းမှ ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသော ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနေ ခရီးသည် မချောစု ၄၁ နှစ်၏ ခရီးဆောင် လက်ဆွဲအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ၁၇၆ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၇၆ ကီလို(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၅၂ သိန်း)၊ မြန်မာငွေ ၃၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.