Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၂,၅၀၀ တန်ဖိုးရှိ ICE များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတစ်ဦးအား ICE များနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၂,၅၀၀ သိန်းတန်ဖိုးရှိ ICE များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၂၀း၀၀နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ကွန်ဟိန်းမြို့နယ်၊ ကာလိ-မိုင်းစံ သွားကားလမ်း၊ ပန်လုံ ကျေးရွာအနီးတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မိုင်းစံမြို့ဘက်မှ ကာလိမြို့ဘက်သို့ တန့်ယန်းမြို့၊ ဟွေဆော့ကျေးရွာနေ ကို— အသက်၃၀ နှစ်မောင်းနှင်လာသည့် LANDCRUISER အမျိုးအစား မော်တော်ယာဉ်နှင့် တန့်ယန်းမြို့နယ်၊ နောင်ဖာကျေးရွာအုပ်စု၊ မန်ချောင်ကျေးရွာနေ ကို–၁၉ နှစ် မောင်းနှင် လာသည့် SURF အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ LANDCRUISER မော်တော်ယာဉ်၏ ဆီတိုင်ကီအံဝှက်အတွင်းမှ အဖြူရောင်ပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့် ICE ၃၀ ကီလို၊ Surf မော်တော်ယာဉ်၏ နောက်ကြမ်းခင်းအံဝှက်အတွင်းမှ အဖြူရောင်ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် ICE ၂၀ ကီလို၊ စုစုပေါင်း ICE ၅၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂,၅၀၀ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကာလိနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.