ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း စွန့်လွှတ်သော စိုက်ပျိုးမြေ ဧက ၁၀၀၀ကျော်အား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၈) ကို အောက်တိုဘာ ၃၀ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ပင်လောင်း၊ ဆီဆိုင်၊ ဖယ်ခုံ၊ ဟိုပုံးနှင့် ကလောမြို့နယ်တို့၌ ဘိန်းခင်းများအားဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank) သည် EMV အခြေပြု UnionPay Chip ကတ်များဖြင့် ငွေသားထုတ်ယူမှုများကို ၎င်း၏ ATM များအားလုံးတွင် စတင်လုပ်ဆောင်ခွင့်ပြုပြီဖြစ်ကြောင်း AGD ဘဏ် မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းများ ကို ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ အမျိုးသား ၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း စက်လှေ/ချွန်းလှေ(၈)စီးနှင့် တရားမဝင်ထင်း/မျောများ ဖမ်းမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အောက်တိုဘာလ ၂၈ ရက်တွင် ငွေကျပ် ၁၉၂သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အာရှ တရားသူကြီးများ ကွန်ရက်တို့ ပူးပေါင်း၍ “ပတ်ဝန်းကျင် ထိန်းသိမ်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုအတွက် တရားစီရင် ဆုံးဖြတ်မှု ဆိုင်ရာ အာရှ...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၌ အောက်တိုဘာလ ၂၈ ရက်တွင် ငွေကျပ် ၂၄၆၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။