Connect with us

Politics, Law & Military

စင်ကာပူတွင် တစ်သောင်းတန်အတု ငါးထောင်ကျော် သိမ်းဆီးရမိ

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးနှင့် စင်ကာပူရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာ ၁၈ ခုတို့အား ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာငွေ တစ်သောင်းတန် ငွေစက္ကူအတု ၅၅၀၀ ရွက် သိမ်းဆည်းရမိ၍ စင်ကာပူနိုင်ငံတွင် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း၊ စင်ကာပူ နိုင်ငံသား ဇနီးမောင်နှံထံမှ သိမ်းဆည်းရမိသော မြန်မာငွေစက္ကူအတုများနှင့် ပတ်သက်ပြီး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြေင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးစိုးမင်းက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“စင်ကာပူနိုင်ငံမှာ ဖမ်းဆီးရမိမှု၏ စစ်ဆေး ပေါ်ပေါက်ချက်အရ မြန်မာနိုင်ငံသား ဝေလင်းထွန်း (စိစစ်ဆဲ)နှင့် တရားမဝင် ငွေလွှဲကောင်တာ ဆောင်ရွက်သူ ဦးအန်ထော်နီ၊ ဦးဆင်ပေါက်နှင့် သားများ ကုမ္ပဏီလီမိတက်၊ အမှတ် ၉၃/ ၉၅၊ (၃) ရပ်ကွက်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး တို့ ပါဝင် ပတ်သက်ကြောင်း ပေါ်ပေါက်၍ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ဝေလင်းထွန်းနှင့် ဦးအန်ထော်နီ (ဖမ်းမမိ) တို့အား အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်၏ အမေးကို အမျိုးသား လွှတ်တော်၌ဖြေကြားရာတွင် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ် မေးမြန်းနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ငွေစက္ကူအတုများ တွေ့ရှိပါက ငွေစက္ကူ၏ အရင်းအမြစ် တိကျခိုင်မာမှု မရှိလျှင် တွေ့ရှိရာဒေသ၏ ခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက် စုံစမ်း စစ်ဆေးခြင်း မပြုရန် ဆုံးဖြတ်ရပြီး အဆိုပါ ငွေစက္ကူ အတုကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပေးပို့ ရမည် ဖြစ်ကြောင်း၊ ငွေစက္ကူ အတု ပြုလုပ်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အတုမှန်းသိလျက် အသုံးပြုခြင်းတို့ကို ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး အတုမှန်း မသိ၍ သယ်ဆောင်ခြင်း။ အသုံးပြုခြင်း တို့ကို ခိုင်မာသော အထောက်အထားများ ရှိပါက ယခုအချိန်တွင် ဥပဒေနှင့် အညီ အပြစ်ပေးခြင်း မရှိပါကြောင်း၊ တွံတေး မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့သည့် တရားခံ ဒေါ်အေးသန်း၏အမှုမှာ ငွေစက္ကူ အတုမှန်း သိလျက်နှင့် အသုံးပြုခြင်းဖြစ်သောကြောင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် အမိန့်ချမှတ် ခြဲ့ပီး ဖြစ်ကြောင်း၊ ပြည်ပမှ ငွေစက္ကူအတုများ တင်သွင်းနိုင်ခြင်း မရှိစေ ရေးအတွက် နိုင်ငံ၏ နယ်စပ် တစ်လျှောက်တွင် တားဆီး မည့် အစီအမံနှင့် စီမံချက်များ ရေးဆွဲ၍ ဖော်ထုတ် ဖမ်းဆီးလျက် ရှိပါ ကြောင်း၊ ပြည်ပမှ ငွေစက္ကူ အတုများ ပြုလုပ်မှု စစ်ဆေး ပေါ်ပေါက်က သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.