Connect with us

Politics, Law & Military

စည်းကမ်းညီညွတ်မှု မရှိသည့် မြေလွတ် ၊ မြေလပ် နှင့် မြေရိုင်း ဧက ၁၄ သိန်းကျော်အား လုပ်ပိုင်ခွင့် ပြန်လည် သိမ်းဆည်း

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

စည်းကမ်းညီညွတ်မှု မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁၄ သိန်းကျော်အား လုပ်ပိုင်ခွင့် ပြန်လည် သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် အစိုးရက ခွင့်ပြုထား သော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံသားတိုင်းလျှောက်ထား သုံးစွဲခွင့်ရှိကြောင်း ပြောကြားခဲ့သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ခဲ့ရာ ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် စည်းကမ်းချက်သတ်မှတ်ကာလ (၄) နှစ်ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန် တကယ် စိုက်ပျိုး လုပ်ကိုင်မှု မရှိသော လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည် ရုပ်သိမ်းနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင် ထားသော မြေဧရိယာအပေါ် ခွင့်ပြုအမိန့်စာအသစ် ထုတ်ပေးနိုင်ရေး၊ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ ယခင် အစည်း အဝေး ဆုံးဖြတ်ချက်များ အရ ပြန်လည်စိစစ်ရန် အကြောင်းကြား ထားခြင်းအပေါ် ပြန်လည်တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပြန်လည် အပ်နှံခွင့်၊ ပြန်လည် လျှောက်ထားခွင့်ပြုရန်၊ လယ်ယာမြေ သစ်ဖော်ထုတ်ရန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား ခြင်းများနှင့် လျှောက်ထားမှု များအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ်ဆောင်ရွက်ရန် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက သဘာဝဂေဟ စနစ်နှင့် လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံလုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများက ကူညီ ဆောင်ရွက်ပေးနေလျက် ရှိသကဲ့သို့ လုပ်ငန်းရှင်များ ဘက်မှလည်း သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာ ဆောင်ရွက်ကြ စေရေး ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.