Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသော ဘော်ဒါဆောင်များကိုအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်တွင်ဖြေကြားနေစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်စည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသော ဘော်ဒါဆောင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေးကို ယနေ့၊ နံနက် (၁၀) နာရီက ကျင်းပရာ လှိုင်သာယာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာမြို့နယ် အပါအဝင် ရန်ကုန်မြို့တော်အတွင်း ပုဂ္ဂလိက အဆောင်များနှင့် စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များကို မည်သည့်စည်းမျဉ်း စည်းကမ်း ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရှိလိုကြောင်းကို မေးမြန်းရာမြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ၂၀၁၈ ခုနှစ်၊ ပုဒ်မ ၃၂၃ ပုဒ်မခွဲ (က) အရ ကော်မတီရဲ့ ခွင့်ပြုချက်လိုင်စင်မရှိပဲ ဘော်ဒါဆောင်နှင့် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရလို့ ပြဌာန်းထားပါတယ်။ ဒီပြဌာန်းချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ် (၃၃) မြို့နယ်အတွင်း ဘော်ဒါဆောင်လုပ်ငန်း ဆောင်ရွက်လိုရင် ကော်မတီမှ ထုတ်ပေးတဲ့ လိုင်စင်ကို ရယူဖို့ လိုပါတယ်။ လိုင်စင် လျှောက်ထားမှုအပေါ် သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိ ၊ မရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများမှ မြေပြင်ကွင်းဆင်း စိစစ်ပြီးတော့ ခွင့်ပြုနိုင်တဲ့ လုပ်ငန်းများကို ခရိုင်စည်ပင်သာယာ ရေးမှူးရုံးက ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လိုင်စင်စည်းကမ်းနဲ့အညီ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ ဘော်ဒါဆောင်များကို ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမယ်။” ဟု ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၉) ဖြင့် ထုတ်ပြန်သည့် စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ ၊ နည်းဥပဒေ ၂(စ) တွင် တည်းခိုခန်း (သို့မဟုတ်) ဘော်ဒါဆောင်ဆိုသည်မှာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ဟိုတယ် ၊ မိုတယ် ၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာ များမှအပ အခြားတည်းခိုခန်း (သို့မဟုတ်) ဘော်ဒါဆောင် ကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.