Connect with us

Politics, Law & Military

ပင်လုံမြေမှပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်ကြရန် အထူးလိုအပ်ဟု သမ္မတ ဆို

(၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာအားတွေ့ရစဉ်(နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ကျရောက်သော (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ပင်လုံမြေမှပြည်ထောင်စုအိပ်မက် အကောင်အထည်ဖော်ကြရန် အထူးလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လွန်ခဲ့သော (၇၂) နှစ်က ယနေ့လိုအချိန်အခါတွင် တိုင်းရင်းသားများ မျှော်မှန်းအိပ်မက် ခဲ့ကြသော ပင်လုံမြေမှပြည်ထောင်စုအိပ်မက်ကို ယနေ့အချိန်အခါတွင် အကောင်အထည်ဖော်ကြရန် အထူးလိုအပ်ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်အောင်ရှည်ကြာခဲ့သောပဋိပက္ခများ ချုပ်ငြိမ်း စေရေးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် တိုင်းရင်းသားအခွင့် အရေးများ အပြည့်အဝရရှိစေမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အထူး အရေးကြီးလှကြောင်း သမ္မတ ဦးဝင်းမြင့်က ဆိုသည်။

ရှမ်းတိုင်းရင်းသားများနှင့် တောင်တန်းဒေသတိုင်းရင်းသားများဖြစ်ကြသော ချင်း၊ ကချင် တို့သည် ပြည်မနှင့်အတူတကွ လွတ်လပ်ရေးရယူမည်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်ခဲ့ကြကြောင်း၊ ထိုသို့ ပြည်မနှင့်တောင်တန်း ဒေသများ အတူတကွလွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ လာခဲ့သည်မှာ ယခုဆိုလျှင် (၇၂) နှစ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးက အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်ရေး ရရှိအောင် အတူတကွဆောင်ကြဉ်းနိုင်ခဲ့သော်လည်း နိုင်ငံရေးအယူအဆကွဲလွဲမှုများနှင့် ယုံကြည် နားလည်မှုပျက်ပြားခဲ့ရခြင်းများကြောင့် တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်းကွဲပြားပြီး လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ အချို့သောဒေသများတွင် သေနတ်သံများ ကြားနေရဆဲ၊ ယမ်းငွေ့များ ဝေနေဆဲပင် ဖြစ်သည်မှာ လွန်စွာဝမ်းနည်းဖွယ်ရာကောင်းကြောင်း သဝဏ်လွှာအတွင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.