ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရေကြီးရေလျှံမှု များဖြစ်ပေါ်ရခြင်းအကြောင်းရင်းများကို ဖော် ထုတ်ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့်ပြည်နယ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကရင်ပြည်နယ်သို့ရောက်ရှိစဉ် မှာကြားခဲ့သည်။
နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် မူဝါဒ ၁၂ ရပ်၊ ရည်မှန်းချက် ၂၆ ရပ်၊ လုပ်ငန်းစဉ် ၄၃ ရပ်တို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်များ တွင် ဦးစားပေး ဆောင်ရွက်မည့်...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရည်မှန်းချက်များတွင် “နိုင်ငံတကာ မျက်နှာစာ တွင် မိမိတို့ နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်များ ပြန်လည် မြင့်တက်လာစေရန်” ဟူသည့် အချက်လည်း ပါဝင်ပြီး အဆိုပါ ရည်မှန်းချက်အရ ပြည်ပတွင်...
ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) နားလည်မှုစာခွျှန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နှင့် မောင်တောမြို့နယ်များသို့ ပထမအကြိမ် ကွင်းဆင်းလေ့လာခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ ရရှိရန် ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန...
နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် အခွန် အယူခံခွင့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၂၃ ခုနှင့် အဆို ခုနစ်ခုတို့ကို ဆွေးနွေးသွားမည်ဟု ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် တီးတိန်မြို့နယ်၌ လေသေနတ် ၁ လက်နှင့် ၎င်းကျည် ၃၅၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃ ရွက် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကနဦး သွားရောက်နိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။