နေပြည်တော်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ကျောင်းသူ ကျောင်းသား လူငယ်များသည် အဆင့်မြင့် ဒီဂျစ်တယ် ပညာရပ်များ တတ်မြောက်ထားဖို့ မရှိမဖြစ် အရေးကြီးသည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်ရှိ အာဇာနည်ဗိမာန်၌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ်အတွင်း Drone တစ်စီး လွှတ်တင်လာမှုကို Anti Drone ဖြင့် ပစ်ချသိမ်းဆည်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)တွင် ယနေ့ဇူလိုင် ၁၉ ရက်မှ ၂၁ရက်အထိ နေ့စဉ် နံနက် (၆) နာရီမှ ညနေ (၆)နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် အထူးပြပွဲများကို ခင်းကျင်း...
နေပြည်တော်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) (၇၁)နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်မှန်းလျက် သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းကို နိုင်ငံတော် သမ္မတနှင့် ဇနီးတို့က ဦးစီး ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် လားရှိုးမြို့တို့တွင် ငွေကျပ် ၁၉,၆၂၀ သိန်း တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၇၁ မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယနေ့ဇူလိုင် ၁၉ ရက် ၊ အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ဌာနဆိုင်ရာ...
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၇၁ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ကုန်းရှိ အာဇာနည်ဗိမာန်၌ ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျင်းပရာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ ၏ အထိမ်းအမှတ် ဂူဗိမာန်၌...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံးသို့ ရောက်ရှိပြီး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းသူနှင့် ပူးပေါင်းသူ နှစ်ဦးကို လီဆယ်တိုင်တန်းသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း သံရုံးများနှင့် ပိုမိုထိတွေ့ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။