Connect with us

Politics, Law & Military

မောင်တောမြို့မှ ကျပ်၂,၃၄၀ သန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အောက်တိုဘာ ၈ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များနှင့် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မောင်တောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြင်ဖြူနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ လက်သာကျေးရွာနေ ရော်ဖီး ၂၅ နှစ်၏ နေအိမ်တွင် ရော်ဖီး(ခ)ရော်ဖီးအူလာ ၄၀ နှစ် ဆိုသူမှ မူးယစ်ဆေးဝါးအိတ်များ သိုဝှက်ထားကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေစဉ် အိမ်ရှင် ရော်ဖီးမှာ နေအိမ်တွင်မရှိဘဲ သော့ခတ်ထားသဖြင့် သော့ဖျက်ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းတွင် အဝါရောင်ဆာလာအိတ် ၆ လုံးဖြင့်ထည့်ထားသည့် WY ပန်းရောင်စိတ်ကြွဆေးပြား ၁,၁၇၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သန်းပေါင်း ၂,၃၄၀ သန်း)တို့ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသူ အိမ်ရှင် ရော်ဖီးနှင့် မူးယစ်ဆေးဝါးများ လာရောက်သိုဝှက်ထားသူ ရော်ဖီး(ခ)ရော်ဖီးအူလာ တို့ ၂ ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့၊နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းပိတ်ဆို့ ရှာဖွေဆောင် ရွက်လျက်ရှိကြောင်း၊ ၎င်းတို့ ၂ ဦးအား မောင်တောမြို့မရဲစခန်း မယ(ပ)၃၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ဖြင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.