Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက်ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် ငွေစက္ကူအတု အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက် တွေ့ရှိအရေးယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ ၁၁း၃၀နာရီ အချိန် ဓနုဖြူမြို့ (၇)ရပ်ကွက် “စံပယ်ဖြူ” အမိန့်ရ အပေါင်ဆိုင်၌ ထားထားနွယ်(၄၃)နှစ် ဓနုဖြူမြို့နယ်နေသူသည် ပေါင်နှံထားသော ရွှေထည်ပစ္စည်းများ လာရောက်ရွေးယူစဉ် ၎င်းပေးသော ငွေ ၃၀၇,၀၀၀ ကျပ် အနက်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၆ ရွက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်ထားထားနွယ်အား ဓနုဖြူမြို့မရဲစခန်း (ပ)၆၇၃/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.