Connect with us

Politics, Law & Military

တာချီလိတ်တွင် ကျပ်၂၄၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံ၌ အောက်တိုဘာ ၉ ရက် ည ၉နာရီခွဲအချိန်တွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ရာမှ ကျပ်၂၄၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တာချီလိတ်မြို့တွင်းမှ ရီဂျီးနားဂေါက်ကွင်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် SHN-3M—– နံပါတ်ပါ TOYO VIGO မော်တော်ယာဉ် အား စစ်ဆေးရန်တားဆီးရာ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဟိုတယ်တာချီလိတ်နောက်ဘက် တောင်စောင်းတွင် မော်တော်ယာဉ်အား ရပ်တန့်ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့မှ ဆင်း၍ထွက်ပြေးသွားသဖြင့် မော်တော်ယာဉ်အား ရှာဖွေရာ မော်တော်ာယာဉ်နောက်ခန်း ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၂,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂,၄၂၀ သိန်း)နှင့် လက်ကိုင်တယ်လီဖုန်း ၂ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါထွက်ပြေးတိမ်းရှောင်သွားသော သူများအား ဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့မှ လိုက်လံ စုံစမ်းဖမ်းဆီး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ တာချီလိတ်မြို့မရဲစခန်း မယ(ပ)၉၅/၂၀၁၈၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၆နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်လမ်းမပေါ်တွင် ရှာဖွေစစ်ဆေးနေစဉ် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဝတ်ဆင်ထားသည့် အင်္ကျီ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ၅၇,၀၀၀ ကျပ်)နှင့် ဘိန်းဖြူ ၁.၆ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ၂၅,၆၀၀ ကျပ်)တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၉၄/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.