ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တုံးရေကြိုးဝိုင်း၊ အကွက်အမှတ်(၁၉) အတွင်းနေရာ၌ မေလ ၂၃ ရက်တွင် တရားမဝင်ပိတောက် ခွဲသား (၁၃၃)ချောင်း အလေးချိန်အားဖြင့် (၂၀.၆၆၂၂)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းတွင် ကုလသမဂ္ဂစည်းမျဉ်းနှင့် မညီသော လုပ်ရပ်များ ဖယ်ရှားပေးရန် မြန်မာနိုင်ငံဘက်က တောင်းဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်မြစ်အတွင်း ရေယာဉ်၊တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်း လင်းဆောင်ရွက်ရန်အတွက် အဆိုပါယာဉ်များကို လေလံအောင်မြင်သူများအား ရေယာဉ်၊တွဲယာဉ်ဟောင်းများ ဆောလျင်စွာ ဖျက်သိမ်းသယ်ဆောင်နိုင်ရေး အကြောင်းကြားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ) ငလျင်ဘေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် အဓိက အလေးထား ဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ယနေ့...
နေပြည်တော်၊ မေလ ၂၄ ရက် (ဆင်ဟွာ) ဥဒေ ပြဌာန်းချက်များ၊ ထုတ်ပြန်ချက်များအားလုံးကို ပြည်သူများလက်လှမ်းမီစေရေးအတွက် ယနေ့စတင်ထုတ်လွှင့်လိုက်သော ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ website သည် တရားဥပဒေစိုးမိုးရေးအတွက် များစွာအထောက်အကူ ပြုစေမည်ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကပြောသည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊သံလွင်လမ်းရှိ နေအိမ်အတွင်းမှ စိန်၊ ရွှေ ၊ လက်ဝတ်ရတနာမျိုးစုံနှင့်ငွေအပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ( ၁,၇၈၂) သိန်းကျော် ခိုးယူသူများအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) အနေဖြင့်မြန်မာနိုင်ငံအပေါ် အရေးယူ၍ မရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ) အခြေအနေအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းလာခဲ့ရသော တတိယ ပင်လုံညီလာခံကို လာမည့် ဇွန်လ ထဲတွင် ကျင်းပနိုင်အောင် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Mekong MoU Senior Officials Committee Meeting, SOC)အား မေ ၂၁ ရက်မှ စတင်၍ ယနေ့ မေ ၂၂ ရက် အထိ ၂...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု ၃၆ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။