Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို အစိုးရထံ ပေးအပ်

ပုံစာ-ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရှင်းလင်း ပေးအပ်စဉ်(MOFA)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို ယနေ့ အစိုးရထံ ပေးအပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ယင်း အပြီးသတ်အစီရင်ခံစာအား မြန်မာအစိုးရ လက်ခံသည့်အတွက် ကျေနပ်ကြောင်းနှင့် အပြီးသတ်အစီရင်ခံစာသည် အောက်ခြေ ဒေသခံများ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့သည် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ရခိုင်ပြည်နယ်တွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ကျန်ရှိနေသေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117