Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တို့တွေ့ဆုံဆွေးနွေး စဉ်(MOFA)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြသိန်း၊ သံအမတ်ကြီး ကင်ဇို အိုရှီးမား၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့သည် သြဂုတ် ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် ကော်မရှင်အနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက် အတည်ပြုရေးကိစ္စ၊ ကော်မရှင်အား အထောက်အကူပြုမည့် အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်းရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ အစိုးရသည် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117