ရန်ကုန် ၊ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၃ ရက်မှ ၇ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့သွားရောက်ကာ နှစ်နိုင်ငံ စီးပွားရေးရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား အစိုးရ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရားမဝင် အကောက်ခွန်မဲ့ သကြား ၅ဝ ကီလိုဂရမ်ရှိ အိတ်ပေါင်း ၁၄ဝ သယ်ဆောင်လာသည်ကို မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သော (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် လောင်းကစားအမှုပေါင်း ၃၁၀ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ အကြိမ် တိုင်း ခရိုင် မြို့နယ် အလုပ် အမှုဆောင် အဖွဲ့များ စုံညီ တွေ့ဆုံပွဲ အခမ်းအနားအား ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ ကွန်ဗင်းရှင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကြမ်း’နှင့် ပတ်သက်၍ အကြံပြုချက်များအားဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအား အွန်လိုင်းမှတိုင်ကြားနိုင်သည့် အွန်လိုင်းကွန်ပလိန်းစင်တာ (OCC) သို့ ပြည်သူများမှ Viberဖြင့်တိုင်ကြားမှုကို စတင်အရေးယူဆောင်ရွက်ခဲ့ရာ (၁၂.၈.၂၀၁၅)မှ (၃၁.၁.၂၀၁၈) ရက် နေ့ထိ အရေးယူမှု အမှုစာရင်း စုစုပေါင်း (၁၈,၈၄၀)ကျော် ရှိပြီဖြစ်ကြောင်း ပြည်သူများအား ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်တွင် ငွေကျပ် ၄၉၁၁. ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် (ငွေကျပ်သိန်း ၃၀ ကျော်ဖိုး) သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။