နေပြည်တော်၊ မေ ၁၂ ရက် (ဆင်ဟွာ) UPDJC တစ်နှစ်တာ ဆောင်ရွက်မှုများကို ခြုံကြည့်လျှင် တိုးတက်မှုရှိသည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ပြုလုပ်သည့် (၁၀) ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်(PR)ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက် ထားနိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ကနီမြို့နယ်တွင်းကျေးရွာ တွင်ရှိသော သဒ္ဓမ္မနန္ဒိယာရာမကျောင်းတိုက်ရှိ ခန့်မှန်းငွေကျပ်သိန်း ၁၂,၅ဝဝ ခန့် တန်ဖိုးရှိသည့် ရှေးဟောင်းပေစာထုပ် ၁၂၅ ထုပ်ခန့် ပျောက်ဆုံးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ အကြံပြုသဘောထားမှတ်ချက်ပြုနိုင်ရေးအတွက် Public Consultation (ပြည်သူ့အကြံပြုချက်များ) ပြုလုပ်မည့် အစီအစဉ်အား ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ခေါ်အပ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအတွင်း ပြည်နယ်/တိုင်းဒေသကြီးများတွင် မူးယစ်ဆေးဝါးအမှုပေါင်း ၆၉၇ မှု ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ သတင်း ထုတ်ပြန် ခဲ့သည်။
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုနည်းဥပဒေများအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများဆောင်ရွက်နေကြောင်း အကြောင်းကြားရန်ကိစ္စ နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ) တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း၍ မိုင်းရှင်းလင်းရေးများအား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး...
နေပြည်တော်၊ မေ ၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဥပဒေ အကြံပေးရေး ဦးစီးဌာနသည် တစ်နှစ်တာ ကာလအတွင်း ကိစ္စရပ်ပေါင်း ၁၆၀၀ ကျော်တို့ကို စိစစ် အကြံပြုပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စု ရှေ့နေချုပ် ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ယနေ့နေ့လယ်ပိုင်းတွင် မီဒီယာသို့ဖြေကြားခဲ့သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို နည်းဥပဒေနှင့် ပတ်သက်သည့် လိုအပ်သော အချက်အလက် များကို ထုတ်ပြန်ပြီးဖြစ်၍ အလုံးစုံ ပြည့်စုံသွားပြီဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ငန်းအားလုံးကို ဥပဒေသစ်ဖြင့်သာ လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု...