ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် မြန်မာ-မလေးရှားနှစ်နိုင်ငံ ရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (3rd Myanmar-Malaysia Navy to Navy Talks) တွင် နှစ်နိုင်ငံရေတပ်ချင်း သဘောတူညီမှုများ လက်မှတ်ရေးထိုးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်အစိုးရ နှင့် မော်ရိုကို အစိုးရ တို့ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ပိုမို ထိရောက်နိုင်ရေး ထိန်းသိမ်း ဆောင်ရွက်မည့် အချက်များ အပါအဝင် အချက် ၄ ချက်အား ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)၏ ၁၁...
နေပြည်တော်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်း ပြန်မရောက်သေးသည့် ယာယီ ပတ်စ်ပို့တ် သက်တမ်းကုန် မြန်မာ လုပ်သား များအား CI (Certificate of Identity) ကတ်များ ထုတ်ပေးသွားမည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄၃ဦး သေဆုံးခဲ့ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဋိပက္ခ ဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းပြီး ပဋိပက္ခပျံ့နှံ့မှု မရှိစေရန် ရဲတပ်ဖွဲ့ဝင်များ အထူးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ညစ်ညမ်းစပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးက ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ( ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မတ်လ ကုန် အထိ) အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလျံ ၄၅၇၃ ဒသမ ၉၀၄ ဖြစ်ပြီး...
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ပျက်ကျ Y-8လေယာဉ်ရှာဖွေရေးလုပ်ငန်းကို ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် သုံးသပ်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် NCA စာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း UNFCအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။