Connect with us

Politics, Law & Military

ညစ်ညမ်းစပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ဟု ဒုတိယ သမ္မတဆို

အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီအစည်းအဝေးကျင်းပနေစဉ်(ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ညစ်ညမ်းစပြုလာသော ဧရာဝတီမြစ်ရေအား သန့်စင်ရန်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေထိန်းသိမ်းရေးလုပ်ငန်းများ တိုးတက်လာရန် လိုအပ်လျက်ရှိပြီး ဆည်ရေလှောင်တမံများ၏ ရေဝေရေလဲထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ရေဝေရေလဲ သစ်တောစိုက်ခင်းများ၏လုပ်ငန်း တိုးတက်အောင်မြင်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာန အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ပူးပေါင်း၍ Focal Point အဖြစ် Asia Pacific Water Forum နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတက ပြောသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ဒုတိယအကြိမ် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၄ရက်နေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ရေနှင့် ဆက်နွယ်သည့် ဘက်စုံစီမံကိန်း လုပ်ငန်းများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များသည် ဝန်ကြီးဌာန အများစုနှင့် သက်ဆိုင်နေသည့်အတွက် ရှေ့ဆက်အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများသည် တာဝန်ခံဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများမှလည်း ဆက်လက်ပြီး အပြန်အလှန်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.