Connect with us

Politics, Law & Military

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ပိုမို ထိရောက်နိုင်ရေး JMC-U အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်


ရန်ကုန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား ပိုမို ထိရောက်နိုင်ရေး ထိန်းသိမ်း ဆောင်ရွက်မည့် အချက်များ အပါအဝင် အချက် ၄ ချက်အား ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ဇူလိုင် ၅ ရက် အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

JMC-U ၏ အတွင်းရေးမှူး(၁)ဒေါက်တာ ရွှေခါးက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအား ထိန်းသိမ်းထားသည့် အပေါ် လေ့လာသုံးသပ်မှုများ ပြုလုပ်ပြီး ပို၍ ထိရောက်သည့် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်အောင် လိုအပ်ချက်များ စဉ်းစား ဆွေးနွေးခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

JMC-U ၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

အဓိက အားဖြင့် နယ်မြေ သတ်မှတ်မှု ၊ နှစ်ဘက်တပ်များ နေရာ ချထားမှုများ ရှင်းရှင်းလင်းလင်း မရှိသေးသည်များကို တွေ့ရှိရသဖြင့် ယင်းကိစ္စအား ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများမှ ကမကထ ပြုလုပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အစိုးရ ၊ အဓိကအားဖြင့် တပ်မတော်ကြားတွင် ပူးတွဲ နယ်မြေ သတ်မှတ်မှု ၊ တပ်နေရာ ချထားမှုနှင့် ပတ်သက်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ထိုမှတဆင့် ယင်းကိစ္စများအား ဆွေးနွေးရန် ဆုံးဖြတ်ချက် ချထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

JMC-U ၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC)အား နိုင်ငံတကာ နှင့် ပြည်တွင်းမှ ကူညီလှူဒါန်းမည့် ဆက်ဆံမှု လုပ်ထုံးလုပ်နည်းများ ၊ JMC နှင့် ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ၊ တိုင်ကြားမှုများ အပေါ် ဖြေရှင်းနိုင်ရေး ၊ ဒေသအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွင့်လှစ်နိုင်ရေး တို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)၏ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးအား ဇူလိုင် ၃ ရက်မှ ၅ ရက် အထိ ရန်ကုန်မြို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.