ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်အတွင်းယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၅နာရီ၂၅ မိနစ်ခန့်တွင် တရားခံပြေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ဖမ်းဆီးမှုဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိ တရားခံ လွတ်မြောက်နေဆဲဖြစ်ကြောင်း တာဝန်ရှိ ရဲမှူးးတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) (၁၂)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များအစည်းအဝေးကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန် ထိရောက်သော အထောက်အကူပြု ပစ္စည်းများ ဝယ်ယူအသုံးပြုရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ချပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရ၏ ၂၁ ရာစုပင်လုံညီလာခံ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ နိုင်ငံတကာမှ သံတမန်များအား ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) မြန်မာ့ရေပိုင်နက် ဂွမြို့၏ မြောက်ဘက် ၁၈ မိုင်ခန့်အကွာ၊ ဇီးကုန်းကျေးရွာကမ်းခြေနှင့် ရေမိုင် ၂ မိုင်ခန့်အကွာတွင် တရားမဝင် ငါးဖမ်း စက်လှေတစ်စီးနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားဟု ယူဆသူ ကိုးဦး ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဥပဒေအကြံပေး ဦးကိုနီအား အင်ဒိုနီးရှားနိုင်ငံလေ့လာရေးခရီးမှအပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံခံရမှု နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ကြည်လင်း နှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံ အောင်ဝင်းဇော် တို့အား ထိန်းသိမ်းထားပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ကျပ်သိန်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ မောင်တော အမှတ် (၁) ဝင်/ ထွက် စခန်း (POE) ကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အတွင်း အကောက်ခွန်နယ်မြေ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်ပို့/တင်သွင်းသော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေအရေးယူလျက်ရှိရာ စုစုပေါင်း အမှု ခုနှစ်မှု ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၄၇၀၀...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအ ဝေးကို ယခုနှစ် မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောကြားသည်။