Connect with us

Politics, Law & Military

နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက် ထားနိုင်ရန် လုပ်ဆောင်နေ

အင်းဝသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားတချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်(PR)ကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက်လျှောက် ထားနိုင်ရန် လုပ်ဆောင်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ယင်းကဲ့သို့ အမြဲတမ်းနေထိုင် ခွင့်လျှောက်ထားရာတွင် ယခင်က ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ရုံးခွဲများ၌ သွားရောက် လျှောက်ထားရပြီး စရိတ်ကုန်ကျမှု များရှိကြောင်း၊ ယင်းအတွက် ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံးများ၌ တိုက်ရိုက် လျှောက်ထား နိုင်စေရေး လိုအပ်သောနည်း ဥပဒေများ ဖြည့်စွက်ရန် စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံခြားသားများ အနေဖြင့် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာတွင် ပေးသွင်းရသည့် အမေရိကန်ဒေါ်လာ ၅ဝဝကို မြန်မာသံရုံးများ၌ ပေးသွင်းနိုင်စေရန် ဖြေလျှော့မှုများလည်း စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ယင်းအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအနေဖြင့် နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့် (PR) နှင့်ပတ်သက်၍ နိုင်ငံခြားသားများ အမြဲတမ်းနေထိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီကအဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.