Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည်

၂၀၁၆ ခုနှစ် အတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ သတင်း ထုတ်ပြန် ခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းဖြင့်ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဖြင့် အဖြေ ရှာနိုင်ရေး အတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေးထိုးနိုင်ရေး တို့အတွက် လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ဆွေးနွေးညှိနှိုင်းရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် NCA လမ်းကြောင်းအတိုင်း ဆက်လက် ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း သိရသည်။ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုင်ငံရေး ဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့(DPN) (KIO, SSPP, KNPP, NMSP, ANC, LDU, WNO)နှင့် တွေ့ဆုံကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရေး၊ မေလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်း အဝေးသို့ တက်ရောက်နိုင်ရေးအတွက် ဦးတည်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ထို့အတူ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် DPN မှ အဆိုပြုထားသော အချက်(၉)ချက်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးနေစဉ် ကာလအတွင်း နှစ်ဖက်အကြား အပြန်အလှန်ကတိကဝတ်ပြုချက် (Deed of Commitment-DoC)ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117