ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နှင့် တာချီလိတ်မြို့တို့၌ လက်နက်၊ ခဲယမ်းများနှင့် ငွေကျပ်သိန်း ၆၇,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကွန်ဟိန်းမြို့မရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်နေ့(ဆင်ဟွာ) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ KIA၏ အမာခံတပ်စခန်းများဖြစ်သော ဂီဒုန်နှင့် လိပ်ပြာကုန်း စခန်းများကို တပ်မတော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဘက် သေဆုံးဒဏ်ရာရရှိမှု များပြားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် ကျောက်မဲမြို့ရပ်ကွက်(၈ )ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းရှိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ဒီဇင်ဘာ ၁၇ရက်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရှမ်းမြောက်စစ်ဘေးရှောင်စခန်းများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများသည် ဒီဇင်ဘာ ၁၅ရက်နေ့တွင်၂၉၀၀ကျော်သာ ကျန်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားများ၌ တပ်မတော်(လေ)သို့ လေယာဉ်အမျိုးအစား ခြောက်မျိုးမှ စုစုပေါင်း လေယာဉ် ၅၅စီးနှင့် ရဟတ်ယာဉ်အမျိုး အစား လေးမျိုးမှ စုစုပေါင်း ရဟတ်ယာဉ် ၁၄စီးတို့အား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)...
နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု၏ သီးသန့်ရန်ပုံငွေထဲမှ မဖြစ်မနေ ဆောင်ရွက်ရမည့် အရေးပေါ် လုပ်ငန်း သုံးခုအတွက် ကျပ် ၁၆ ဘီလျံကျော် သုံးစွဲခဲ့ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ပြီး ကျန် လုပ်ငန်းတစ်ခုအတွက် ကျပ် ၀ ဒသမ ၄ ဘီလျံ (ကျပ်သန်း...
နေပြည်တော်၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များ အပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း သို့မြန်မာနိုင်ငံက ဝင်ရောက်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသော ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံများ၏ သဘောထား၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူမှုစီးပွားသက်ရောက်နိုင်မှုတို့ကို အဘက်ဘက်က လေ့လာသုံးသပ်ပြီး စံချိန်စံနှုန်းမီ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယနေ့ (၄၂)ကြိမ်မြောက်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယသမ္မတနိုင်ငံတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက် သီပေါ မင်းနတ်ပြည်စံသက် နှစ် ၁၀၀ ပြည့် အလှူအခမ်းအနား တက်ရောက်ရန်အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ အိန္ဒိယသမ္မတနိုင်ငံသို့ထွက်ခွာသွားကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။