Connect with us

Politics, Law & Military

အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ၏ အစည်းအဝေး များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ကျင်းပသွားမည်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်း အဝေး ၁/၂၀၁၇ ကျင်းပစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ အစည်းအဝေး များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန် ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့မတ် ၂၄ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အစည်း အဝေး ၁/၂၀၁၇ ကို နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တင်ပြချက်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေး၍ ဆုံးဖြတ်ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တင်ပြချက် များနှင့် ငြိမ်းချမ်းရေး ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင်များ က ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။ထိုအစည်းအဝေးတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ နိုင်သက်လွင်၊ ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဦးခွန်မောင်သောင်းနှင့် အတွင်းရေးမှူး ဦးခင်မောင်တင် တ့ို တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)