နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းအတွက် ၂၀၁၆ ခုနှစ် မေလ ၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ခန့်(၁၉၉၉၀၈၇၆ ဒသမ ၉၁)...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းတုံး တန် ၂၀ကျော်ကို ဖေဖော်ဝါရီ ၁၀ရက်က ဖမ်းဆီးရမိကြောင်း မိုးညှင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာ၌ ဦးဆောင်ပါဝင်သူတစ်ဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) အထူးကုန်စည်ခွန် ၁၇ မျိုးတွင် ပါဝင်သည့် ကားတင်သွင်းမှုအပေါ် ကား၏ အင်ဂျင်ပါဝါကို မူတည်ပြီး အခွန်နှုန်းထား သတ်မှတ်မှု၊ ရွှေလက်ဝတ်ထည်များ ကုန်သွယ်လုပ်ငန်းခွန် လျှော့ချမှု အပါအဝင်၂၀၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက် ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တွင် လက်ခတ် လှေတစ်စီးပေါ်မှ ငွေကျပ် သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်(၇၀)ပြည့်မြောက် အခမ်းအနားအတွက် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တံဆိပ်ခေါင်း ထုတ်ဝေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအပိုင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအပိုင်းတို့တွင် အောင်မြင်မှုရရှိစေရန် တပ်မတော်အနေဖြင့် ရွေးချယ်ခံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ် ဆေးဝါးမှု ၈၀၈ မှုမှ တရားခံ အမျိုးသား ၁၀၂၀ ၊ အမျိုးသမီး ၁၄၃ ဦး စုစုပေါင်း ၁၁၆၃ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ပင်လုံ ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ၂၁ ရာစု ပင်လုံ အနေဖြင့် သမိုင်း အသစ် ဖွင့်လှစ်ရန် ရှမ်းပြည်နယ် ၊ ပင်လုံမြို ့၌ ယနေ့ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပသော နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနား(ပင်လုံ)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ တာမိုးညဲ-ကွတ်ခိုင်သွားကားလမ်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းက ယာဉ်ဝင် /ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ငွေကျပ်သိန်း ၁၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။