Connect with us

Politics, Law & Military

ဗုံးသီးဟောင်းကို ထုရိုက်ဆော့ကစားရာမှပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့တွင် ဖေဖော်ဝါရီ ၁၄ရက်နေ့က အိမ်သာမြေကျင်းတူးဖော်စဉ် ဗုံးသီးဟောင်းများ တွေ့ရှိစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးစခန်း၏ အနောက်မြောက်ဘက် ရိုမန်ကက်သလစ်ချက်ကျောင်းအနီးတွင် ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၁၄ နှစ်နှင့် ၁၂ နှစ်အရွယ် အမျိုးသားကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မူဆယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117