Connect with us

Politics, Law & Military

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး ကျပ် ဘီလီယံ ကိုးသောင်းကျော် ရရှိရန် လျာထား

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများ အရ ကျပ် ၉၁,၃၁၉ ဒသမ ၄၃၃ ဘီလီယံရရှိရန် လျာထားသည်ဟု အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ပါရှိကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံ တင်ပြခဲ့သည်။

အဆိုပါ တန်ဖိုးမှာ ယမန်နှစ် (၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်) ကထက် ကျပ် ဘီလီယံ တစ်သောင်းကျော် ပိုမည်ဖြစ်ပြီး လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှု ကဏ္ဍကြီးတို့၏ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုကို ယမန်နှစ်ကထက် ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက် ဖြစ်ပေါ်ရန် လျာထားပြီး၊ တစ်နိုင်ငံလုံး၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးကို ယမန်နှစ်ကထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်း တိုးမြင့်လျာထားခြင်း ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တင်ပြခဲ့သည်။

ထို့အပြင် စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန် သွင်းကုန် လျာထားချက်များနှင့် ပတ်သက်ပြီး “၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှာ စုစုပေါင်း စားသုံးမှုတန်ဖိုးကို ကျပ် ၆၅,၃၀၄ ဒသမ ၁ ဘီလီယံဖြစ်လာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုကို အရင်နှစ်ထက် ၄ ဒသမ ၆ ရာခိုင်နှုန်းတိုးပြီး ကျပ် ၂၆,၇၁၃ ဒသမ ၃၅၅ အထိ ဖြစ်လာစေဖို့လျာထားကြောင်းလဲ တွေ့ရပါတယ်” ဟု ကော်မတီက တင်ပြခဲ့သည်။

၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေး တိုးတက်မှုနှုန်းကို ခုနစ်ရာခိုင်နှုန်း (၇ %) ရရှိရန် ရည်မှန်းထားပြီး မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အကုန်တွင် ၅၂ ဒသမ ၉ သန်းရှိလာကာ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် အကုန်တွင် ၅၃ ဒသမ ၄ သန်း ရှိလာမည်ဟု ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအပေါ် အခြေခံပြီး တွက်ချက် ခန့်မှန်းထား ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု မျှော်မှန်းချက် (ခုနစ်ရာခိုင်နှုန်း) သည် အာဆီယံနိုင်ငံများအတွင်း အမြင့်ဆုံး ဖြစ်နေကြောင်း၊ စုပေါင်း ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှု တန်ဖိုး ပါဝင်မှု အချိုး အစားကို ၅၉ ဒသမ ၇ ရာခိုင်နှုန်း၊ ၁၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၁ ရာခိုင်နှုန်း အသီးသီး ရရှိရန် လျာထားသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၆ – ၁၇ တွင် ရှိခဲ့သည့် လူတစ်ဦးစီ၏ ပျမ်းမျှ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) (၁,၅၃၃,၂၀၅ ကျပ်) ကို ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ၁,၇၁၀,၅၈၂ ကျပ် သို့ရောက်ရှိရန် လျာထားသည်ကို တွေ့ရှိရကြောင်းလည်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.