Connect with us

Politics, Law & Military

တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား မကွေးတိုင်းဒေသကြီး ၊ မင်းဘူးမြို့နယ်၌ ဖမ်းဆီးရမိ

တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-Yangon Police)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးလွန်ခဲ့သော မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေး တိမ်းရှောင်နေသူ တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ယနေ့ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။တရားခံပြေး နဂါးလေး(ခ)အောင်နိုင်မြင့်သည် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးမြို့၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ ၎င်း၏ အဒေါ်တော်စပ်သူ၏ နေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မင်းဘူးခရိုင်၊ မှုခင်း နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များအား ခေါ်ဆောင်၍ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသော နဂါးလေး(ခ)အောင်နိုင်မြင့်သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့သို့ ရောက်ရှိနေကြောင်း သတင်းအရ ပိတ်ဆို့ ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ကားဖြင့် တိုက်၍ ထွက်ပြေး သွားသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရပြီး လိုက်လံရှာဖွေရာ မောင်းနှင် ထွက်ပြေးခဲ့သည့်ယာဉ်အား တွေ့ရှိပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ရာမှ ယခုကဲ့သို့ရက်သတ္တပတ် အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရမိသော တရားခံပြေး နဂါးလေး(ခ) အောင်နိုင်မြင့်အား ကျူးလွန်ခဲ့ သော အမှုများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.