Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် အချက် ၆ ချက် သဘောတူ ဆုံးဖြတ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာအချက် ၆ ချက်အား သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုအချက် ၆ ချက်မှာအထူးကိစ္စရပ်အနေဖြင့်JCB ဖွဲ့စည်းမှုတွင် အစိုးရဘက်မှ (၁၀) ဦး (ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၉ ဦး)၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ (၁၀)ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး JCB လုပ်ငန်းလမ်းညွှန်တွင်လည်းယင်းဖွဲ့စည်းမှုအတိုင်း ပြင်ဆင်ရန် ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ အဆိုပြု တင်ပြချက် အမေရိကန်ဒေါ်လာ (၂.၅)သန်းကိုခွင့်ပြုရန် တို့ ပါဝင်သည်။ထို့အတူ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့့်််ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီခွင့်ပြုရန်၊ JMC အတွက်လိုအပ်ချက်အမေရိကန်ဒေါ်လာ (၆.၅)သန်းနှင့် JMC အတွက် ထောက်ပံ့ကူညီမှုများရှာဖွေရာတွင် Single Channel မထားဘဲဆောင်ရွက်ရန်၊ NCA လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၄.၇)သန်း ခွင့်ပြုရန် တို့ ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor )

ထို့အပြင် ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ အတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်နိုင်ရန်အတွက် JCB မှ တာဝန်ယူဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် အစီအစဉ် ကို နှစ်ဖက် ကိုယ်စားလှယ်များအကြား ကြိုတင်ဆွေးနွေးပြီး JCB အစည်းအဝေးသို့ ပြန်လည်တင်ပြရန်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်းအတွက် NRPC မှ ခွင့်ပြုရန်ပုံငွေကိုအမြင့်ဆုံး နှုန်းထားကျပ် သိန်း(၆၀၀) သတ်မှတ်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာ၌တစ်နေရာနှင့်တစ်နေရာအသုံးစရိတ်ရန်ပုံငွေပေါ်မူတည်၍ အဆင့်အတန်းကွာဟမှုမရှိစေရေးအလေးထားဆောင်ရွက်ရန် တို့ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမှာအခြေခံအုတ်မြစ်ခိုင်မာရန် အရေးကြီးကြောင်း၊ အုတ်မြစ်ခိုင်မာမှ ရေရှည် ရှင်သန်နိုင်မည် ဖြစ်ကြောင်း၊ တစ်ဘက်တွင် ပဋိပက္ခများလျှော့ချနိုင်ရန် ဆွေးနွေး ညှိနှိုင်းသွားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်းဒေသခံများ၏ အကျိုးစီးပွားကိုအတတ်နိုင်ဆုံးစောင့်ရှောက်မြှင့်တင်သွားနိုင်ရန် နှစ်လမ်းသွားနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်းပြောကြားသည်။ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် NCA လက်မှတ်ရေးထိုးပြီးသူများနှင့် လက်မှတ်မထိုးရသေးသူများကွဲပြားလျက် ရှိကြောင်း၊ တတ်နိုင်သမျှ ခွဲခြားဆက်ဆံခြင်းမပြုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများအပြည့်အဝပါဝင်နိုင်သည်မှာ (၂၁)ရာစုပင်လုံညီလာခံသာ ဖြစ်ကြောင်း၊ နိုင်ငံရေးကိစ္စရပ်များကိုစေ့စပ်ညှိနှိုင်းခြင်းများကိုလက်တွေ့ ဆောင်ရွက်မည့် ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်စေလိုကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.