Connect with us

Politics, Law & Military

မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ် ဝန်ကြီး ရာထူးမှ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြု

နိုင်ငံတော် သမ္မတရုံး၏ အမိန့် အမှတ် ၃/၂၀၁၇ ထုတ်ပြန် ကြေညာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ဝန်ကြီးချုပ် နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းမင်းဦးအား မိမိ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ် ၃/၂၀၁၇ အား ယနေ့ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၄ ၊ ပုဒ်မခွဲ(က)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၅၂ ၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ)တို့ပါ ပြဌာန်းချက်များ အရ မိမိသဘောဆန္ဒအလျောက် ပြည်နယ် ဝန်ကြီးချုပ် နှင့် ပြည်နယ် ဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။(Xinhua)