ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ၂၁ရာစု ပင်လုံ ပထမအစည်းအဝေး ဒုတိယနေ့တွင် တပ်မတော်သားများက ၂၀၀၈ခုနှစ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လုံခြုံရေးအတွက် ပြည်တွင်းပြည်ပ လုံခြုံရေးကို အဓိကတာဝန်ယူထားသော တပ်မတော်အပြင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ ညှိနှိုင်းပြီး ရေတိုရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အစိုးရအဖွဲ့ကိုယ်စား သဘောထားအမြင်တင်ပြဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားသည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ၈ ပြည်နယ်မူသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်အကြာင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက ဆွေးနွေးတင်ပြချက်၌ ထည့်သွင်းဆွေးနွေးသွားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) မူဆယ်မြို့တွင် ငွေကျပ်သိန်းပေါင်း ၉,၇၁၇ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) လက်နက်ကိုင် ပဋိပက္ခများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဂုဏ်သိက္ခာရှိရှိ ချုပ်ငြိမ်းပြီး စည်းလုံးညီညွှတ်သော အေးချမ်းသာယာသည့် ပြည်ထောင်စုတစ်ခု တည်ဆောက်ရန်လိုအပ်ကြောင်း ယနေ့ကျင်းပသော ၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့၏ သဘာပတိအဖြစ်တာဝန်ယူဆောင်ရွက်သော ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
နေပြည်တော် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စာချုပ် လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲများ ဖြစ်ပွားမှုအား လျှော့ချနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ ယခုချိန်ထိ ထိတွေ့မှု ၄ ကြိမ်သာ...
နေပြည်တော် ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ၊ အာရှ ရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော်ရှန်းတို့သည် ယနေ့ သြဂုတ်လ ၃၁ ရက်တွင်...
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းသည် ယနေ့ မွန်းလွဲ ၂ း ၃၀ နာရီတွင် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ယနေ့ စတင် ကျင်းပနိုင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်သော ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များသည် အလွန်အရေးကြီးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အား ပံ့ပိုးလျက် စိတ်ချယုံကြည်ရသော မိတ်ဖွဲ့အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့ကြောင်း၊ ဆက်လက်၍ နားလည်မှု ပိုမိုကောင်းမွန်ရေးအား ရှေးရှုလျက် တွေ့ဆုံဆွေးနွေးခြင်းများနှင့် တင်းမာမှုလျှော့ချရန်၊ ခြားနားမှုများအားချောမွေ့စေရန် ကြိုစား အားထုတ်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်...