Connect with us

Politics, Law & Military

မန္တလေးမြို့၌ ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ဖမ်းဆီးရမိပြီး အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိ

ပေါက်ကွဲစေတတ်သောပစ္စည်းများအား သိမ်းဆည်း ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-Myanmaalinn)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ ရပ်ကွက် အကွက်(၂၉၄) ကျောင်းကုန်းရပ်ရှိ ရေပန်း ဘုန်းကြီး ကျောင်းတိုက်ဝင်း၊ လက်ဖက်အုပ် ဘုန်းကြီးကျောင်းအတွင်း၌ ပေါက်ကွဲစေတတ်သော ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးရမိသဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ဖော်ပြချက် အရ သိရသည်။

ထိုကျောင်းဝင်း အတွင်း ရပ်ထားသော ယာဉ်ပေါ်တွင် အမိုးနီးယားနိုက်ထရိတ် မြေဆီအိတ် တစ်အိတ်အတွင်းမှ ဒီတိုနီတာ(ခ) လျှပ်စစ်စနက်တံ အချောင်း ၂ဝဝ ၊ ကျောင်းအတွင်းရှိ အဆောက်အအုံ မြေအောက်ခန်းမှ ဒီတိုနီတာ(ခ) လျှပ်စစ် စနက်တံ ၁၃၁ ချောင်းနှင့် SOD တံဆိပ်ပါ မီးရှို့ ဒီတိုနီတာ ၁၇၃ ချောင်းအား ဂျပ်ဘူးအတွင်း ထည့်လျက် လည်းကောင်း၊ လူမနေသည့် အဆောက် အအုံ ပစ္စည်းသိုလှောင်ရုံ သုံးလုံး အတွင်းမှ GARRY တံဆိပ်ပါ ပီနံအိတ်ချုပ်စက်တစ်လုံးနှင့် SONYတံဆိပ်ပါ ပီနံအိတ်ချုပ်စက် တစ်လုံး၊ အရှည် ၂၅ ပေခန့်ရှိ မီးပလပ်ခုံပါ မီးကြိုး တစ်ချောင်း၊ ဒစ်ဂျစ်တယ်ကတ္တားတစ်လုံး နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ နှင့် ရောစပ်အသုံးပြု၍ရသော မြေဆီ အိတ်မျိုးစုံ အလုံး ၂၅ဝ ၊ မီးသွေးအိတ် ၂ လုံးတို့အား သိမ်းဆည်း ရမိထားကြောင်း သိရသည်။

ထိုပေါက်ကွဲစေတတ်သော ပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး နယ်မြေခံ အမှတ်(၇) ရဲစခန်းက အမှုဖွင့်အရေးယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.