ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ပထမဆုံး အကြိမ် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ညီလာခံမှ ကဏ္ဍ ငါးခုအတွက် ဆွေးနွေး တင်ပြချက်များကို တရားဝင် စာအုပ် စာတမ်းများ အဖြစ် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံမှ သိရသည်။
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွားကားလမ်း နမ့်ကိုင်းရွာအနီးတွင် ၁၃-၁-၂၀၁၆ ရက်နေ့၌ ကျပ်သိန်းပေါင်း(၂၁၀၆)သိန်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မူးယစ်အဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) လွှတ်တော် အသစ်ခေါ်ယူရေးနှင့် ပတ်သက်၍ ဆက်လက် တာဝန်ယူ ကြမည့် လွှတ်တော် နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်း ပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားရမည်...
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ် အမှတ်(၄)ရပ်ကွက် FMI City (ပဒေသာပင်မြို့တော်) ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် ဓားထောက်ကာ ငွေကျပ် သိန်း၂၃၀ကျော်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားသူအား ၂၇ နာရီတွင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အစိုးရသစ်အတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၆၀၀ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် သို့ သွားရောက် လေ့လာကြကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အစိုးရမှ စေလွှတ်လိုက်သည့် ကျွမ်းကျင် ပညာရှင် အထူးကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေ၊ အယူခံဥပဒေများကို စနစ်တကျ အသေးစိတ် လေ့လာပြီး မြန်မာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး အရေးကိစ္စအား အတတ်နိုင်ဆုံး အကြံပြုချက်များ ၊...
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့အထူးလေ့လာသူ အဖြစ် တက်ရောက်ရန် ဒုတိယအကြိမ် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အချို့အား ဖိတ်ကြားထားကြောင်း လွှတ်တော်ရုံးမှ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၌ အစိုးရသစ်အတွက် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် လုံလောက်သော အခြေခံကို ချထားနိုင်မည်ဟု ယုံကြည်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယနေ့ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်...
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) နေပြည်တော်၌ ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့တွင် ညီလာခံ သဘာပတိ ရွေးချယ် အတည်ပြုု ခြင်းနှင့် ညီလာခံ စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။