Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကန့်ကွက်သူမရှိ တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အတွက် ဝန်ကြီးဌာန ၆ ခု နှင့် ဝန်ကြီး အရေအတွက် ၆ ဦး အပါအဝင် တိုင်းဒေသကြီး ဥပဒေချုပ် နှင့် စာရင်းစစ်ချုပ်တို့ခန့်အပ် တာဝန်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ အဆိုပြု တင်ပြချက်အား ယနေ့ဧပြီ ၄ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း အပါအဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဗိုလ်မှူးကြီးတင်အောင်ထွန်း ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးမြင့်သောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးဟံထွန်း ၊ လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဒေါ်နီလာကျော် ၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဒေါက်တာမောင်မောင်စိုး ၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးနိုင်ငံလင်း တို့ဖြစ်ကြသည်။

ထို့ပြင် တိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးဟန်ထူး ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းလှ တို့အား ခန့်အပ် တာဝန်ပေးရန် အဆိုပြု တင်ပြချက်အား ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.