ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့် အား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နားပွဲကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) လက်ရှိ၌ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားလာရခြင်းမှာ ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုနှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီဈေးကြောင့်သာ ဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ – ၂၅)တွင် လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် နောက်ထပ် ကဏ္ဍအသစ် ငါးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆၉,၂၀၀ ပြား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း သြဂုတ် ၂၂ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာနေရာ ၃နေရာ၌ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီး၌ သြဂုတ် ၂၃ ရက် နံနက် ၇ နာရီခန့်တွင် ကျပ်သိန်းပေါင်း ၁၅,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၌ သုံးနှစ်အတွင်း မူးယစ်ဆေးဝါး ကျပ် ၈၁ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ ကျင်းပသော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ရေစီးဝင်မှု ပမာဏ များပြားသည့် ရေလှောင်တမံများ၌ အကူရေပိုလွှဲများ ထပ်မံထည့်သွင်း တည် ဆောက်ခြင်းနှင့် ရေလှောင်တမံ ကြံ့ခိုင်မှု၊ ဘေးကင်းလုံခြုံမှုများအတွက် စောင့်ကြည့် စစ်ဆေး တိုင်းတာနိုင်သည့် monitoring system များ တပ်ဆင်သွားရန် စီစဉ်လျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...