Connect with us

Politics, Law & Military

အဓမ္မခိုင်းစေမှု ပပျောက်ရန် နိုင်ငံတော် အစိုးရက ဦးဆောင်ဖြေရှင်းလျက်ရှိ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငအနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် ILO နှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ကျော်အကြာတွင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးဖြေရှင်းမည့် National Complaint Mechanism တစ်ခုကို ထူတောင်နိုင်ခဲ့ရာ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို လွတ်လွတ်လပ်လပ် လုံခြုံမှုရှိစွာ တိုင်ကြားနိုင်ကြောင်း မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ FM ရေဒီယိုများမှာ မြန်မာ၊ အင်္ဂလိပ်၊ တိုင်းရင်းသားဘာသာ စကားများဖြင့်လည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်လည်းကောင်း ၁၁-၂-၂၀၂၀ ရက်နေ့မှစ၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိ အောင် ဆောင်ရွက်လျက် ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“National Complaint Mechanism အကောင်အထည်ဖေါ်ရေး အမျိုးသားကော်မတီမှာ အလုပ်ရှင်၊ အလုပ်သမား၊ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။ အဓမ္မခိုင်းစေမှုနဲ့ အကျုံးဝင်တဲ့ အသက် မပြည့် စုဆောင်းမှုနဲ့ ဆန္ဒမပါဘဲ စုဆောင်းခံရမှုတွေကိုလည်း UNCTFMR နဲ့ရော National Complaint Mechanism နဲ့ပါ ဖြေရှင်းဆောင်ရွက်ပေးနေတာဖြစ်လို့ အဓမ္မခိုင်းစေမှု ပပျောက်စေရေး အထူး အလေးထားဆောင်ရွက်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ILO က အပြည့်အဝ ယုံကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

 

 

နေပြည်တော်၊ Park Royal တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် 4th National Stakeholders Forum on Implementing the Decent Work Agenda and Labour Law Reform ဖွင့်ပွဲ အခမ်းအနား၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး လူမှုဖူလုံရေး စီမံကိန်းတွင် အကျုံးဝင်သည့် အာမခံ အလုပ်သမားများသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါလတွင် ၁ ဒသမ ၄၆ သန်းကျော် ရှိလာပြီဖြစ် ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့အနေဖြင့် တိုးတက်များပြားလာသည့် အာမခံအလုပ်သမားများအတွက် အကျိုးခံစားခွင့်များအား ထိရောက်မြန်ဆန်စွာပေးနိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ILO ၏ နည်းပညာအကူအညီ၊ မိတ်ဖက်အဖွဲ့အစည်းများ၏‌ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိအခြေခံ အလုပ်သမားအဖွဲ့အစည်း ၂၈၀၀ ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်း ၁၅၆ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၄ ဖွဲ့၊ အလုပ်သမား အဖွဲ့ချုပ် ၉ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ ၁ ဖွဲ့၊ စုစုပေါင်း အလုပ်သမား အဖွဲ့အစည်း ၂၉၉၀ ဖွဲ့နှင့် အခြေခံ အလုပ်ရှင် အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း တစ်ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် တစ်ဖွဲ့၊ စုစုပေါင်း အလုပ်ရှင်အဖွဲ့အစည်း ၂၉ ဖွဲ့ကို အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာမှာ အကူအညီပေးကြသည့် ILO အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် အလှူရှင်မိတ်ဖက်အဖွဲ့အစည်းဝင် နိုင်ငံများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုကြောင်း၊ ယနေ့ဖိုရမ်က မြန်မာနိုင်ငံ၏ အလုပ်သမားရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲရေး မှာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် နည်းပညာနှင့် အထောက်အပံ့ ကောင်းများ ရရှိရေး ဆွေးနွေးအဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117