Connect with us

Politics, Law & Military

တရုတ်နိုင်ငံ အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ မြန်မာ့ တပ်မတော် ပေးလှူ

မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တပ်မတော်လေဆိပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခုခံ ကာကွယ်ရေး ပစ္စည်းများအား မြန်မာ့ တပ်မတော်က လူသားချင်း စာနာ ထောက်ထားမှု အကူအညီအဖြစ် ပေးလှူခြင်းကို ယနေ့နံနက် တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တပ်မတော်လေဆိပ်၌ ပြုလုပ်ခဲ့သည်။

Surgical masks (2 Ply) (2250’s) အခုရေ ၉၀,၀၀၀၊ Type – N 95 (3M Particulate Respirator masks (1000’s) အခုရေ ၉၀,၀၀၀ နှင့် Safety Goggles (600’s) အခုရေ ၉၀,၀၀၀ တို့ကို မြန်မာ့ တပ်မတော်က ပေးလှူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လှူဒါန်းပွဲသို့ မြန်မာ့ တပ်မတော် ဘက်မှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဘက်မှ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြ သည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး အဖွဲ့တို့ လေယာဉ်ကွင်းသို့ ရောက်ရှိလာစဉ်( ဆင်ဟွာ) 

ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး အဖွဲ့တို့ လေယာဉ်ကွင်းသို့ ရောက်ရှိလာစဉ်( ဆင်ဟွာ) 

ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး အဖွဲ့တို့ လေယာဉ်ကွင်းသို့ ရောက်ရှိလာစဉ်( ဆင်ဟွာ) 

ထိုသို့ ပေးအပ်လှူဒါန်းမှုအပေါ် မြန်မာ့တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ အခုလို ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တပ်မတော် အနေနဲ့ လူသားချင်း စာနာထောက်ထားမှုအရ အခုလို ပစ္စည်းတွေ လှူဒါန်း တာပါ၊ ဒါဟာ နိုင်ငံနှစ်နိုင်ငံအကြား တပ်မတော် နှစ်ရပ်ရဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တစ်ခုပါ၊ အခုလို ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက အစိုးရကရော တပ်မတော်ကပါ အကောင်းဆုံး ဖြစ်အောင် အမြန်ဆုံးနဲ့ ထိန်းသိမ်း ဆောင်ရွက်နေတာ တွေ့ရပါတယ်၊ ဒီအတွက် ကိုလည်း ကျွန်တော်တို့ တပ်မတော်က အသိအမှတ်ပြုသလို ဒီလိုဖြစ်ပေါ်နေတဲ့ ဘေးကိစ္စတွေ အားလုံးကိုလည်း အမြန်ဆုံး ကောင်းမွန်သွားပါစေလို့ ဆုတောင်းပေးပါတယ်” ဟုပြောကြားခဲ့သည်။

ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ် ၀၀၃ ပေါ်သို့  တင်ဆောင်ကြစဉ် (ဆင်ဟွာ) 

ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ် ၀၀၃ ပေါ်သို့  တင်ဆောင်ကြစဉ် (ဆင်ဟွာ) 

ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ် ၀၀၃ ပေါ်သို့  တင်ဆောင်ကြစဉ် (ဆင်ဟွာ) 

သံအမတ်ကြီး မစ္စတာချန်းဟိုင်က “အခုအချိန်က တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ရောဂါ ခုခံတိုက်ဖျက်ရေး အရေးကြီးတဲ့ ကာလ ဖြစ်ပါတယ်၊ ဒီလို အချိန်မှာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံရဲ့ အလိုအပ်ဆုံး ကာကွယ်ရေး ပစ္စည်တွေ၊ စာနာထောက်ထားမှုပစ္စည်းတွေ ပို့ပေးတဲ့အတွက် မြန်မာ့ တပ်မတော်ဟာ တရုတ်နိုင်ငံကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးခြင်းနဲ့နောက်ပြီးတော့ တရုတ် – မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ဖော်ပြနိုင်ပါတယ်၊ တရုတ်နိုင်ငံအနေနဲ့ အခုလို စာနာ ထောက် ထားမှု အကူအညီအပေါ် ကျေးဇူး အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု မီဒီယာအသီးသီး သို့ဖြေကြားခဲ့ကြသည်။

စတင် ထွက်ခွာနေသည့် လေယာဉ်အား လက်ပြနှုတ်ဆက်ကြစဉ် (ဆင်ဟွာ) 

ထို့အပြင် မစ္စတာ ချန်းဟိုင်က ဗိုင်းရပ်စ်ရောဂါ ခုခံ တိုက်ဖျက်ရေးကို တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံ စသည့် အိမ်နီးချင်းကောင်း နိုင်ငံ များ၏ ကူညီထောက်ပံ့မှု အောက်၌၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အောက်၌ ဗိုင်းရပ်စ် ရောဂါကို မြန်နိုင်သလောက် အမြန်ဆုံး တိုက်ဖျက် ကာကွယ် အောင်မြင်သွားနိုင်မည်ဟု များစွာ ယုံကြည်မှု ရှိပါကြောင်း၊ အနာဂတ်မှာလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် Public Health ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအား လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကာကွယ် ရေး ပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာတရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီးမစ္စတာ ချန်းဟိုင်က လက်ခံ ရယူခဲ့ပြီး လှူဖွယ်ပစ္စည်းများကို တပ်မတော် လေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို ့အရောက် ပို့ဆောင်မည် ဖြစ်ရာ အဆိုပါ တပ်မတော် လေယာဉ်သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တပ်မတော် လေဆိပ်မှ နံနက် ၇ း ၅၀ နာရီခန့်တွင် စတင် ထွက်ခွာသွားခဲ့ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.