Connect with us

Science & Technology

မြန်မာနိုင်ငံ၏ ဓါတ်အား စနစ်တွင် ရေအားလျှပ်စစ် ၆၉ ရာခိုင်နှုန်း၊ သဘာဝ ဓါတ်ငွေ့ ၂၉ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်း ပါဝင်

မြန်မာနိုင်ငံရှိ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးရန် သွယ်တန်းထားသော ဓါတ်အားလိုင်း တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဓါတ်အားစနစ်တွင် ဓါတ်အား ပေးစက်ရုံ ၄၃ ရုံ၌ တပ်ဆင် စက်အင်အား ၄,၉၈၇ မဂ္ဂါဝပ် ရှိပြီး၊ ရေအားလျှပ်စစ် ၆၉ ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့ ၂၉ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်း ပါဝင်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။

ဓါတ်အား လိုအပ်ချက်သည် နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ တိုးတက်လျှက် ရှိပြီး မြန်မာနိုင်ငံတွင် စုစုပေါင်း စက် တပ်ဆင်အင်အား ၄၂,၂၂၅.၅ မဂ္ဂါဝပ် ရှိသည့် ရေအားလျှပ်စစ် စီမံကိန်း ၄၃ ခုအား ပြည်တွင်းပြည်ပ ကုမ္ပဏီများက အကျိုးတူ စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရေအား လျှပ်စစ် စီမံကိန်းများနှင့် သဘာဝ ဓါတ်ငွေ့မှ အမှန်တကယ် ဓါတ်အား ထုတ်ယူ သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိကြောင်း ၊ နိုင်ငံတော် ဓါတ်အားအတွက် National Grid မှ ပေးနိုင်မှုမှာ ၃၃ ရာခိုင်နှုန်းသာ ရှိကြောင်း၊ မကြာမီကာလ အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ (Xinhua)