Connect with us

Science & Technology

ရန်ကုန် အခြေပြု လျှပ်စစ် ၊ မြေအောက် ၊ ကောင်းကင် ရထား ပြေးဆွဲရေး စီမံကိန်းများ အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကောင်းကင်ရထားတစ်စီး အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- Wikipedia)

နေပြည်တော် ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး မြန်နှုန်းမြင့် လျှပ်စစ် ရထား ပြေးဆွဲရေး စီမံကိန်း၊ ရန်ကုန်မြို့ပတ် မြေအောက် ရထား စီမံကိန်း၊ ရန်ကုန်-မင်္ဂလာဒုံ-ဟံသာဝတီ ကောင်းကင်ရထား ပြေးဆွဲရေး စီမံကိန်းများ အတွက် အနာဂတ် မျှော်မှန်းချက်အဖြစ် စိတ်ပါ ဝင်စားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ကမ်းလှမ်း ဖိတ်ခေါ်နေဆဲ ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံမှုများနှင့် ဖိတ်ခေါ်ဆောင်ရွက်မည့် အစီအမံများ အနေဖြင့် ရန်ကုန် ဘူတာကြီး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ကြည့်မြင်တိုင် ဘူတာ၊ ပုဇွန်တောင် ဘူတာနှင့် ပုဂံဘူတာ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ ရထားလမ်း တစ်လျှောက်ရှိ Optical Fiber Cable ဆက်ကြောင်းများကို သွယ်တန်း ငှားရမ်းရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် မြန်မာ့မီးရထားပိုင်မြေ ငှားရမ်း ဆောင်ရွက်ရေး စီမံကိန်း၊ မြစ်ငယ် နှင့် ရွာသာကြီးတို့တွင် ကုန်းတွင်း ဆိပ်ကမ်း (Dry Post) ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့် ကုန်သေတ္တာ တင်ရထား (Containerization) ပြေးဆွဲရေး စီမံကိန်း တို့ကို နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ နှင့်အညီ လုပ်ကိုင်ခွင့်ပြုရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် ငါးနှစ်ကာလတို အမျိုးသားစီမံကိန်း ကာလအတွင်း စုစုပေါင်း ရထားလမ်းသစ် ၂၆၇.၉၁ မိုင်ကို တိုးချဲ့ ဖောက်လုပ်သွားရန် လျာထားကြောင်း ဒုတိယ ဝန်ကြီး ဦးဟံစိန်က ယမန်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ချေးငွေ အမေရိကန် ဒေါ်လာ ၉၁.၇၈၇ သန်းဖြင့် နှစ်စဉ် စက်ခေါင်းသစ် ၂၂ လုံးနှင့် လူစီးတွဲသစ် ၁၂၀ တွဲ ထုတ်လုပ်မည့် စက်ခေါင်းစက်ရုံကို နေပြည်တော်တွင် လည်းကောင်း၊ လူစီးတွဲသစ် စက်ရုံကို မြစ်ငယ်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117